သံတောင်ကြီး  ၂၀  သြဂုတ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်အရ ကော်ဖီပျိုးပင်များ၊ မှိုစိုက်ထုပ်များ၊ Home Gardening အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ကော်ဖီသီးမှည့်အခွံချွတ်စက်၊ ကော်ဖီသီး လှန်းစင်များ၊ ကော်ဖီကိုင်းဖြတ်လွှ၊ ကော်ဖီကိုင်းဖြတ်ဓား၊ သီးနှံပိုးမွှားကာကွယ်ရန် တမာပိုးသတ်ဆေးများနှင့် သဘာဝမြေသြဇာများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဇိုင်းယာန်း ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကော်ဖီရာသီ-သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ထောက်ပံ့ ပစ္စည်းများပေးအပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍တောင်သူများထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်မိုးအောင်တို့က ထောက်ပံ့ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သောပစ္စည်းများမှာ ကော်ဖီပင် (၃၀၀၀၀)၊ မှိုစိုက်ထုပ်(၂၀၀)၊ အချိုတိုင်း ကိရိယာ တစ်ခု၊ အသီးလှန်းစင်(၄)စင်၊ ကိုင်းဖြတ်ကတ်ကြေး (၅)လက်၊ ကိုင်းဖြတ်လွှ(၅)ချောင်း၊ ကိုင်းဖြတ်ဓား (၅)ချောင်း၊ ကျင်းတူးကိရိယာ(Auger)(၁)ခု၊ကော်ဖီမှည့်အခွံချွတ်စက်(၁)လုံး၊ home gardening အတွက် မျိုးစေ့(၉)မျိုးပါ အထုပ် (၇၀)၊ သဘာဝမြေသြဇာအိတ်(၃ဝ)၊ တမာပိုးသတ်ဆေးဘူး (၃၀)နှင့် ကော်ဖီ GAP စာအုပ်၊ ကော်ဖီ pamphlet ၊ မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းစာအုပ်၊ မှို pamphlet များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)