သံတောင်ကြီး    ဇူလိုင်   ၁                                          

 

ကရင်ပြည်နယ် ဘားအံခရိုင်  သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်း သားများအနေဖြင့့်် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြောင်းသိရှိစေရန်၊ စာကြည်တိုက်နှင့်  ရင်းနှီး ကျွမ်းဝင် မှုရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊  စာကြည့်တိုက်သို့  လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိ စေရန် မန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူးနော်လော်မူက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ရာ သံတောင်ကြီးမြို့ပေါ်ရှိ ကျောင်းသူကျောင်းသား (၁၇)ဦး တို့ကပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို  အမှတ်တရလက်ဆောင်များပေး  အပ်ခဲ့ကြောင်း သိရသည်။

 

နော်နော်မူ