သံတောင်ကြီး ၁၉ မေ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk ) ကို ယမန်နေ့ နံနက် (၉)နာရီက ရွာကြီးကျေးရွာအုပ်စု သူဌေးကုန်း (ရွာဟောင်း) အ.လ.က(ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်လော်မူက ပြည်သူ့စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်းကို စတင်ကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးကောင်းရင် (ဒုတိယဦးစီးမှူး)၊ ဦးစောရှဲရစ် (မြို့နယ်ဦးစီးမှူး လ.ဝ.က)၊ ရဲအုပ်သက်နိုင်ဝင်း (စခန်းမှူး သံတောင်)၊ ဒေါ်သက်သက်ဝင်း (ဒုတိယဦးစီးမှူး လူမှုဝန်ထမ်း)၊ ဒေါ်နော်အယ်ဖေါ (တာဝန်ခံ KWEG) ကိုယ်စား ဦးစောဩနက်စတီးဒီ တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတံတားများ တည်ဆောက်ခြင်း၊ ကျေးလက်မီးလင်းရေး ၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိရေး၊ လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံစွာရရှိရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသော အကြောင်းအရာများကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်းအား (၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)