သံတောင်ကြီး ၃၀ စက်တင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့် (၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေ များကို ယမန်နေ့က ရွာကြီးကျေးရွာအုပ်စုတွင် အိမ်တိုင်ရာအရောက် သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို သံတောင်ကြီးမြို့နယ် အမျိုးသားလွှတ်တော် ဒေါ်နော်ခရစ္စထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းနှင့် ဝန်ထမ်းများ၊ ရွာကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမန်းဒေးတို့က ကိုဗစ်-၁၉ ကာလအတွင်း စီးပွားကုစားမှု အစီအစဉ်အရ သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အစဉ်ပြေစေရန်အတွက်ရည်ရွယ်၍ အသက်(၈၀)နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ရွာကြီးကျေးရွာအုပ်စုရှိ အဘိုး(၉)ဦးနှင့် အဘွား(၁၁)ဦး စုစုပေါင်း (၂၀)အတွက် ထောက်ပံ့ငွေကျပ် (၆၀၀၀၀၀)ကို အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)