နတ်မောက် ၇ ဇူလိုင်
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များတွင် ဖွင့်လှစ်ထားသော မုန့်မျိူးစုံဆိုင်များ၌ Sodium Cyclamate သတ်မှတ်ပမာဏ ကျော်လွန်နေသော အစားအသောက်များ ဈေးကွက်အတွင်း ရောင်းချခြင်းမရှိစေရန် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်နေသော မုန့်မျိုးစုံဆိုင်များ၌ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရ Sodium Cyclamate သတ်မှတ်ပမာဏ ကျော်လွန်နေသော အစားအသောက်(၂) မျိုးဖြစ်သည့် ရှောက်ဘုရင် အမှတ်တံဆိပ်ပါ ရှောက်သီးဆေးပြားနှင့် Mo Mo အမှတ်တံဆိပ်ပါ Jelly တို့အား ဈေးကွက်အတွင်း ထပ်မံရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတာဝန်ခံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန ဦးစီးမှူးတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူမူစန်း (နတ်မောက်)


