ကျွန်းလှ ၇  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ် ရေလှောင်တမံမှ မိုးစပါး စိုက်ပျိုးရန် ယနေ့ နံနက် ၆ နာရီက ရေစတင် ထုတ်လွှတ်ပေးကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(သဖန်းဆိပ်ဆည်)မှ သိရသည်။

 

သဖန်းဆိပ်ဆည် ရေလှောင်တမံမှ မိုးစပါးစိုက်ပျိုးရန် ယနေ့(၂၃၄၀) ကျူးဆက်ထုတ်လွှတ် ပေးလျှက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်က စီးဝင်လာသည့် ရေပမာဏအတိုင်း စီးဝင်လာပါက မိုးစပါး စိုက်ဧက(၄၂၀ဝ၀ဝ) အတွက် ဧကပေ(၁၁၃၄၀ဝ၀)ခန့်ကို ဇူလိုင်လမှ နိုဝင်ဘာလကုန်အထိ ထုတ်လွှတ်ရန် လျာထားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ (သဖန်းဆိပ်ဆည်) ဦးစီးအရာရှိ ဦးသက်ဝေထွန်းက ပြောကြားသည်။

 

မျိုးဝင်းညို (ကျွန်းလှ)