ကျွန်းလှ   ၅   ဇူလိုင်    


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်း ငါးမျိုးစိုက်ထည့်ပွဲကို ဇူလိုင် ၅ ရက်နေ့နံနက် ၈ နာရီက ဆည်ဦးစေတီအနီး၌ ကျင်းပကြောင်း သိရသည်။


ငါးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ သဖန်းဆိပ်ဆည်အတွင်း နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးကြောင်း၊ ယခုနှစ်တွင်လည်း ငါးခုံးမကြီး(၁၅၀ဝ၀ဝ)နှင့် ငါးမြစ်ချင်း(၃၅၀ဝ၀ဝ)စုစုပေါင်းငါးမျိုးကောင်ရေ(၅)သိန်း စိုက်ထည့်ခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးဌေးမင်းက ပြောကြားသည်။


အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NLD ပါတီခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်များ၊ ငါးလုပ်ငန်းရှင်များ၊ ရေလုပ်သားများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။


မျိုးဝင်းညို  (ကျွန်းလှ)