၇ စက်တင်ဘာ
သဖန်းဆိပ်ဆည်၏ ရေသိုလှောင်နိုင်မှု၊ ဝင်ရေ၊ သုံးရေအခြေအနေကို စက်တင်ဘာလအတွင်း ၂၀၁၉ ခုနှစ်ဖြင့် နှိုင်းယှဉ်ချက်အရ ယခုနှစ်တွင် သုံးစွဲမှုထက် ဝင်ရေနည်းနေကြောင်း တွေ့ရှိရသည်။
သို့ပါ၍ လက်ရှိစိုက်ပျိုးထားသော မိုးစပါးစိုက်ဧရိယာများ အောင်ရေပြည့်စုံစွာရရှိစေရန် စက်တင်ဘာ၊ အောက်တိုဘာလများအတွင်း အနည်းဆုံး ဧကပေ (၄)သိန်း ထပ်မံဝင်ရောက်မှသာ ပြည့်စုံမည်ဖြစ်၍ သဖန်းဆိပ်ဆည်ရေသောက် တောင်သူကြီးများ ဆည်ရေကို ချွေတာသုံးစွဲသွားကြရန် အသိပေးအကြောင်းကြားသည်။
Credit> ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ရွှေဘိုခရိုင်


