သပိတ်ကျင်း ၂၈ မေ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်တွင် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်လျှပ်စစ် မန်နေဂျာ ရုံးဝန်ထမ်းများနှင့် New Ever Light Co.Ltd.တို့ပူးပေါင်း၍ မေလ ၂၆ ရက်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်မှုတွင် သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု လိပ်ကျကျေးရွာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် Volt အား ပြည့်မီစွာသုံးစွဲနိုင်ရေး၊ ရှုပ်ထွေး ဆားဗစ်ကြိုးများမရှိစေရေးအတွက် ၄၀ဝ ဗို့အားလိုင်း (၂၅၀ဝ)ပေအား ယခင်အသုံးပြုနေသောကြိုးများအစား 95 mm ACSR Coated Wire ဖြင့် အစားထိုးပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်းသိရသည်။ ထို့အထူ ဇရပ်ကွင်းကျေးရွာတွင် ပေ ၃၀ဝ၀၊ ချောင်းကြီးကျေးရွာတွင် ပေ ၃၀ဝ၀၊ ၇ မိုင် ကျေးရွာ တွင် ပေ ၂၀ဝ၀ ရှိ ကြိုးများအားကိုလည်း 95 mm ACSR Coated Wireများ အစားထိုးပြောင်း လဲတပ်ဆင်ပေးပြီးဖြစ်ပြီး သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်ရှိ ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးတိုးချဲ့တပ်ဆင်ပြီး ၄၀ဝ ဗို့အားလိုင်း ပေ ၄၀ဝ၀ အား 95 mm ACSR Coated Wire များ ဖြင့် တပ်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
