သရက်ချောင်း ၂၁  သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မြို့တော်ခန်းမတွင် Facility Quarantine ဝင်နေသည့် အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သြဂုတ်၂၀ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

သေဆုံးသူမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရာမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်ခဲ့ရာ ဩဂုတ် ၅ ရက်နေ့၌ ရောက်ရှိခဲ့ပြီး သရက်ချောင်းမြို့ မြို့တော်ခန်းမတွင် Facility Quarantine ထားရှိ၍ အသွားအလာ စောင့်ကြပ်ကြည့်ရှုထားခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းကို ဩဂုတ် ၁၃  ရက်နေ့တွင် (Covid-19)ရောဂါပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab) နမူနာရယူ စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိသူ ဖြစ်ကြောင်း၊  သေဆုံးသူမှာ ဆီးချိုရောဂါရင့်မာနေခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ နာတာရှည်ကျောက်ကပ်ချို့ယွင်းခြင်းရောဂါနှင့် ကိုယ်တွင်း အင်္ဂါများပျက်စီးခြင်း စသည့်ရောဂါ အခံများကြောင့်သာ သေဆုံးခြင်းဖြစ်ပြီး  ၎င်းတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ၊ မတွေ့ရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ် ကုသရေးဦးစီးဌာနမြို့နယ်‌ ဆရာဝန်ကြီးထံမှ သိရသည်။

 

သေဆုံးသူမှာ Facility Quarantine တွင် နေထိုင်ခဲ့သည့်ရက် (၂၁) ရက် ပြည့်မြောက်ခြင်း မရှိသေးကြောင် သတင်းရရှိသည်။

သရက်ချောင်း(ပြန်/ဆက်)