သရက်ချောင်း  ဇူလိုင် ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အထက- သရက်ချောင်း) ပညာရတနာခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာ အဆင့်ပြိုင်ပွဲကို ယမန်နေ့က  ကျင်းပခဲ့သည်။

 

ပြိုင်ပွဲတွင် အထက်တန်းအဆင့်သင်ကျောင်းများမှအသက် (၁၁နှစ်မှ ၁၅နှစ်) ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၅နှစ် -၂၀နှစ်)ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၂)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲ ဝင်များကို ပဏာမ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲကို ဇူလိုင်လ  ၂၂ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဝါသနာရှင်အဆင့်နှင့် အခြေခံပညာအဆင့်များမှ ခရိုင်အဆင့်သို့ ပြိုင်ပွဲဝင်မည့်သူများအား အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

 

နန်းခလိုက်(သရက်ချောင်း)