သရက်ချောင်း ၂၈ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း မြို့နယ်ရှိ Quarantine Center စောင့်ကြည့်ရေးစခန်း (၂)ခုတွင် ဖျော်ဖြေရေးအစီအစဉ်များပြု လုပ်ပေးခြင်းကို နိုဝင်ဘာ ၂၇ ရက်နေ့ည ပိုင်းက ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင်ကျွဲဇပ်ကျေးရွာ ရှိ စောင့်ကြည့်ရေးစခန်းနှင့် မြလေးပြင် ကျေးရွာရှိစောင့်ကြည့် ရေးစခန်းတို့တွင် ထားရှိသော သူများအတွက် စိတ်ဓာတ် ခွန်အားများပြည့်ဝစေရေးနှင့် စိတ်ပျော်ရွှင်မှုများ ရရှိစေရန် ရည်ရွယ်၍ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့မရပ်ကွက် Country Boys ဖျော်ဖြေရေးအဖွဲ့မှ ကျေးရွာများအထိ သွားရောက်ပြီးဖျော် ဖြေပေးခဲ့ကြကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)