သရက် ဇူလိုင် ၁၃
မကွေးတိုင်ဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက သရက် ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရုံး တွင် ဖွင့်လှစ်ရာ သင်တန်းသား သင်တန်းသူ (၃၀) တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက သဘာဝဘေးအန္တရာယ်ကို မဖြစ်ပေါ်အောင် တားဆီးလို့မရတဲ့အတွက် လူသားတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်တွေ ကြောင့် သေကြေထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို လျော့ပါးအောင် ဆောင်ရွက်နိုင်တဲ့အတွက် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းတွေကို မဖြစ်မနေ ဆောင်ရွက်သွာကြဖို့လိုမှာ ဖြစ်သည့်အတွက် သင်တန်းမှ သင်ယူရရှိသည့် သဘာဝဘေး အန္တရာယ် ကာကွယ်စောင်ရှောက်မှု အလေ့အကျင့် ကောင်းများကို သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိကျေးရွာ ရောက်သည့်အခါ ပြည်သူများရဲ့ အသက်အိုအိမ် စည်းစိမ်များ သဘာဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆင့်ပွားပညာပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန သရက်ခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ပြောကြားခဲ့ပြီး သင်တန်းကို ဇူလိုင်လ(၁၃)ရက်မှ (၁၅)ရက်ထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)