ပုဏ္ဏားကျွန်း  ၅  ဇွန်

သရုပ်ဆောင် နေထက်လင်း၊ ဝေလုကျော်နှင့်  ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ(ရန်ကုန်) မှ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ခြင်းကို ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာရှိ ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံလျက်ရှိသော ကြက်စင်တလင်း၊ ရဟတ်တောင်၊ ဂန့်ဂါ၊ အဘောင်တော်၊ ပိုးရွှီပြင်၊ စေတီပြင်၊ ကန်ချောင်းကျေးရွာနှင့် ဖောင်ဆိပ်ကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ ၁၀ဝ၀ ကျော်တို့အား ဆန်၊ ငါးပိ၊ ငါးခြောက်နှင့် အဝတ်အထည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်များအရ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ကြကြောင်း မြို့နယ်ပြန်ဆက်မှ သတင်းရရှိသည်။

MDN

 

mdn