သထုံ ၇ ဇူလိုင်
မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်စု နောင်ဘိုကွက်သစ်ပိုင်း၌ ယနေ့ နံနက်ပိုင်းက သထုံမြို့နယ် အရပ်ဘက်လူမူအဖွဲ့အစည်းကွန်ရက်မှ ဦးဆောင်၍ စိမ်းလန်းငြိမ်းချမ်း အမုန်းစကား မပြောရေး အစီအစဉ်အရ သစ်တောဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မန်ဂျန်ရှားပျိုးပင်၊ တပေဘူ တပျိုးပင် စုစုပေါင်း ၁၅၀ဝ ကျော် စုပေါင်းစိုက်ပျိုးကြသည်။
သစ်ပင်စိုက်ပျိုးရာသို့ ပြည်နယ်ပအိုဝ်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ဒေါ်ခိုင်ခိုင်လဲ့၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်း၊ ဖဒိုစောအေးနိူင်(နောင်ဘို KNU ဆက်ဆံရေးရုံး)၊ သထုံခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံမြို့နယ်ကြက်ခြေနီများ၊ လေ့ကျင့်ရေး(၉)မှ စစ်သည်များ၊ လူမူကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ ကျေးရွာနေပြည်သူများ စုပေါင်း၍ မန်ဂျန်ရှား ၊ သပြေဘူ တပျိုးပင်များကို စိုက်ပျိုးကြသည်။
ပျိုးပင်များကို ဒေါ်ခိုင်ခိုင်လဲ့ (သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာခင်နိုင်ဦး (ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)၊ ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှူးနှင့် ဦးသိန်းထွန်းဦး (မြန်မာ့ကြီး မြန်သစ်မာစိုက်ခင်း)၊ မုဒုံအောင်အောင်(ရွှန်းလဲ့ရွှေဖြူ)၊ ဒေါ်နန္ဒာအောင်သန်း (ကျိုက်ထို)၊ ကိုအောင်(ဘီးလင်း)၊ ကိုအောင်သန်းထွေး(သထုံ)တို့က ပံ့ပိုးကူညီကြပြီး စုစုပေါင်းပျိုးပင် ၄၆၅၀ အား သထုံမြို့နယ်အတွင်း စိုက်ပျိုးပေးခဲ့ပြီဖြစ်ကြောင်း သထုံမြို့နယ် အရပ်ဖက်လူမှုအဖွဲ့အစည်း မှ ကိုအောင်နိုင်ထွေးက ပြောသည်။
ခွန်(ဝင်းပ)


