၂၉ ဇွန်
၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် (ဝ၄:ဝ၀) အချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းနှင့် လင့်လမ်းဆုံ၊ ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းဆုံ၊ ဓမ္မစေတီလမ်းနှင့် ဦးဝိစာရလမ်းဆုံ၊ အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံတို့မှ လမ်းလွှဲစနစ် ဆောင်ရွက်မည်ဖြစ်ပြီး အာဇာနည်လမ်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်၊ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်၊ (အာဇာနည်လမ်းထိပ်)၊ ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်(သွေးဆေးကန်) လမ်းတို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကြိုတင်သတိပေး နှိုးဆော်အပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ


