၄  ဇူလိုင်

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနား ကျင်းပမည့် နံနက် (၀၄:၀၀) အချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင် လမ်းနှင့် လင့်လမ်းဆုံ၊ ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းဆုံ၊ဓမ္မစေတီလမ်းနှင့် ဦးဝိစာရ လမ်းဆုံ၊ အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံတို့မှ လမ်းလွှဲစနစ် ဆောင်ရွက်မည် ဖြစ်ပြီး အာဇာနည်လမ်း၊ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်(အာဇာနည်လမ်းထိပ်)၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (သွေးဆေးကန်) လမ်းတို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကြိုတင်သတိပေးနှိုးဆော် အပ်ပါသည်။

                                                                                                      ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ