နေပြည်တော် ၃ ဇွန်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ သတင်းရေးသားထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၊ ဒက္ခိဏသင်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင် နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

555

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်က အလုပ်ရုံဆွေးနွေးပွဲများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အဖွင့်အမှာ စကား ပြောကြားသည်။

 

55554

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော်အတွင်းရှိ ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးများမှ ဝန်ထမ်း(၂၇)ဦးတို့တက်ရောက်၍ သတင်းမီဒီယာဥပဒေ၊ စာနယ်ဇင်း ကျင့်ဝတ်၊ သတင်း အရင်းအမြစ်များရှာဖွေခြင်း၊ သတင်းလိုက်ခြင်း၊ သတင်းအခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းရေးသား ခြင်း၊ သတင်းဆောင်းပါးရေးသားခြင်း၊ Social Media အကြောင်းနှင့် သတင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခြင်း ပညာ စသည့်ဘာသာရပ်များကို ဇွန်လ(၃)ရက်နေ့မှ(၈)ရက်နေ့အထိ နည်းပြ ဆရာ/ ဆရာမများနှင့်အတူ စာတွေ့လက်တွေ့ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်းသိရသည်။

 

(ရွှေကုက္ကို)