၂၂ ဩဂုတ်

 

နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပါသည်။  ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိပါသည်။ 

 

Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လတွင် (၁)ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁)ကြိမ် ကြုံတွေ့ရလေ့ရှိပါသည်။ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO (စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ် မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှု ကြာချိန်တို့ ကွာခြားမှုရှိပါသည်။ 

 

Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယိုအစီအစဉ်များသည် (၂၅-၉-၂၀၂၀) ရက်နေ့မှ (၅-၁၀-၂၀၂၀) ရက်နေ့အတွင်း နေ့စဉ် (၃) မိနစ်မှ (၁၈) မိနစ်ခန့်အထိ Sun Outage ဖြစ်စဉ်ကြောင့် Signal ပြတ်တောက်မှု ဖြစ်ပေါ်နိုင်ပါကြောင်း သတင်းရရှိပါသည်။

 

သတင်းစဉ်