သုံးခွ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် မိုးစပါးတိုက်ရိုက် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာပေးအပ်ခြင်း၊ မျိုးစပါးထောက်ပံ့ပေးအပ်ခြင်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ခြင်းနှင့် ပဲတီစိမ်း (GAP) ပေးအပ်ခြင်းအခမ်းအနားကို သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာအုပ်စုရှိ ဦးမောင်မြင့်၏ တောင်သူပညာပေးရှင်းလင်းဆောင်၌ ဇွန် ၁၇ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာထူးမောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက တောင်သူများအား သဘာဝမြေသြဇာများ၊ မျိုးစပါးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ပဲတီစိမ်း (GAP) လက်မှတ်များအား ပေးအပ်ပြီး မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


