သုံးခွ ၄ ဩဂုတ်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာ(ရဲနွဲ့တာအနီး) သုံးခွ-သန်လျင် ကားလမ်းဘေးရှိ ဧရိယာ ၄.၉၄ ဧက ကျယ်ဝန်းသည့် ဘိုးဘွားရိပ်သာ တည်ဆောက်မည့် နေရာတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးမှုကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဘိုးဘွားရိပ်သာတည်ဆောက်မည့် မြေနေရာတွင် အရိပ်ရသစ်ပင်များကို မြိို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်ပရဟိတအသင်းတို့ ပူးပေါင်း၍ ဘိုးဘွားများ သစ်ပင်များ၏အရိပ်တွင် နားခိုစရာအရိပ်ရရှိစေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်းဖြင့် ဘိုးဘွားများ၏ စိတ်ချမ်းမြ့စေရေးတို့အတွက် အရိပ်ရပင်၊ လေကာပင်၊ ပန်းအလှပင်နှင့် နှစ်ရှည်သီးပင်စားပင်များဖြစ်သည့် မဟောဂနီ၊ မယ်ဇယ်၊ ခရေပင်၊ ကုက္ကိုပင်၊ ဗာဒံပင်၊ မန်ဂျန်ရှား၊ သပြေပင်၊ ဂျပန်ချယ်ရီ၊ သရက်ပင်၊ မရမ်းပင်၊ မာလကာ၊ ပိန္နဲပင်၊ အုန်းပင်၊ ထန်းပင်နှင့် မကျီးပင်စသည့်ဖြင့် ပျိုးပင် ၂၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
စည်သူလင်း ပြန်/ဆက်