သုံးခွ ၄ နိုဝင်ဘာလ
ကျေးလက်နေတောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိလာသည့် မိုးစပါးများအား ရောင်းချရာတွင် တောင်သူလယ်သမားများ အခက်အခဲမဖြစ်ပေါ်စေရေးနှင့် သင့်တင့်မျှတသောဈေးနှုန်း ရရှိရေးတို့အတွက် အခြေခံရည်ညွှန်းဈေးဖြင့် သီးနှံပေါ်ချိန် အချိန်မီ စပါးဝယ်ယူရေးလုပ်ငန်းများကို သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သမဝါယမအသင်းစုနှင့် ခရမ်းမြို့နယ် သမဝါယမ အသင်းစုတို့က စပါးအဝယ်ဒိုင်များဖွင့်လှစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့မှ စတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သမဝါယမဦးစီးဌာန