သုံးခွ  ၃ ဇူလိုင်

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါလုပ်ငန်းဦးစီးဌာနက မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ကငါးရစ်တက်ချိန်နှင့်ငါးသားပေါက်သောမိုးရာသီတွင် ငါးဖမ်းခြင်းမပြုရန် အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်ချောင်းအင်းအိုင်အနှံ့အပြား၌ ဥများဖြင့်ပြည့်နေသော ငါးမကြီးများနှင့် မျိုးရေပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန် နေရာရှာ၍ ငါးရစ်‌တက်ပါကြောင်း၊ ထိုငါးရစ်များကို ဖမ်းဆီးလိုက်ပါက ပေါက်ဖွားလာသည့် သန်းပေါင်းများစွာသော ငါးသားပေါက်များသည် သေကျေပျက်ဆီးကာ ရေရှည်စဉ်ဆက် မပျက် ငါးထုတ်လုပ်နိုင်ရေးနှင့် တစ်နိုင်ငံလုံး ငါးရိက္ခာဖူလုံစွာစားသုံးနိုင်ရေးကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွားနိုင်ပါကြောင်း ထို့ကြောင့် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်းမပြုစေလိုကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးတင်ဝင်း မှပြောကြားသည်။

 

သတင်းစဉ်