နေပြည်တော်၊ စက်တင်ဘာ ၁

 

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၈၃)ကို စက်တင်ဘာ  ၁၆ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ရဲထိုက်နှင့် ဖြူဖြူခိုင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို စက်တင်ဘာ ၁၆ ၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)