ကမ္ဘာပေါ်တွင် ဖန်ချက်နည်းကို မည်သည့်အချိန်တွင် မည်သည့်လူမျိုးက စတင်တွေ့ရှိ တတ်မြောက်ခဲ့သည်ဟု အတိအကျ မပြောနိုင်ခဲ့ကြပေ။ ပလင်းနီ ခေါ် ရောမ စာရေးဆရာတစ်ဦးကမူ ရှေးပဝေသဏီက အီဂျစ်ပြည်မှ ဆီးရီးယားပြည်သို့ ကူးသန်းသွားလာကာ ကုန်ရောင်းဝယ် မှုပြုကြသော ဖီနီရှန်လူမျိုး ရေကြောင်းကုန်သည်တစ်စုက ဖန်ချက်နည်းကို အမှတ်မထင်တွေ့ရှိခဲ့သည်ဟု