လိုရာစီးပွား တိုးပွားဖို့ ခရီးသွားစို့
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်တွင်း ခရီးသွားလုပ်ငန်း ဆိုးဆိုးရွားရွားထိခိုက်နေရသော ဂျပန်နိုင်ငံတွင် ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ရေး ဆွဲဆောင်မှုအစီအစဉ်တစ်ရပ်ကို အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ နိုင်ငံတကာခရီးသွားလုပ်ငန်းနှင့် လူမှုရေးဘဝများ ဆက်နွှယ်နေပုံကို စေ့ငုလေ့လာ မိလေ၏။








