ကျပ်ငွေ ၁၇၈ ဘီလီယံခန့် ကုန်ကျတည်ဆောက်မယ့် အိမ်ရာစီမံကိန်း
ရန်ကုန်မြို့မှာ သက်တမ်းကြာရင့်နေပြီဖြစ်တဲ့ အိုးအိမ်အဆောက်အအုံတွေ အများကြီးရှိနေပါတယ်။ ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့အညီ လူမှုဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲဆန်းသစ်လာတဲ့ ဒီနေ့အချိန်မှာ ကြံ့ခိုင်မှုအားနည်းလာ တဲ့ အိမ်ရာတွေကို အသစ်ပြန်လည်တည်ဆောက်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဒီလိုအိမ်ရာတွေအနက် အချို့ကို အသစ်ပြန်လည်တည်ဆောက်နေပြီဖြစ်သလို အင်းစိန်မြို့နယ်အတွင်းက ကြို့ကုန်းအိမ်ရာကိုလည်း ငွေကျပ် ၁၇၈ ဘီလီယံခန့် အကုန်အကျခံပြီး ဒီဇိုင်းအသစ်နဲ့ ပြန်လည် တည်ဆောက်တော့မှာ ဖြစ်ပါတယ်။







