အဆင့်မြှင့်တင်မှုတွေ ပြုလုပ်မယ့် ရန်ကုန် နက္ခတ်တာရာပြခန်း
ရန်ကုန်မြို့နေ ပြည်သူတွေအတွက်ရော အနယ်နယ်အရပ်ရပ်က ရန်ကုန်မြို့ကို လာရောက်သူတွေအတွက် လေ့လာစရာနေရာ တစ်ခုဖြစ်တဲ့ နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ဒီနက္ခတ်တာရာ ပြခန်းဟာ မြန်မာ - ဂျပန်ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ ( ၁၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာမို့ အခုဆိုရင် သက်တမ်း ၃၃ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။