ရန်ကုန်မြို့ ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေချိန်မှာ မြို့ပြရော ဆင်ခြေဖုံး မြို့နယ်တွေမှာပါ စီမံကိန်းတွေ ချမှတ်ပြီး အကောင်အထည်ဖော်နေပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီး တွံတေး မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ ရေသန့်စင် စက်ရုံစီမံကိန်းကို ဖော်ဆောင်ဖို့ စတင်နေပြီ ဖြစ်ပါတယ်။