မြို့ပြအမွေအနှစ်၊ စာပေအမွေအနှစ်တို့ ပေါင်းစုစည်းထားရာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)

ရန်ကုန်မြို့၏ အချက်အချာနေရာ သွားရေးလာရေးလွယ်ကူသည့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းမကြီးတွင် ၁၉၀၈ ခုနှစ်ကတည်းက ယနေ့တိုင်တည်ရှိနေသည့် နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ အဆောက်အဦကြီးသည် မကြာမီကာလတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ဗဟုသုတသိုမှီးရာ တန်ဖိုးမဖြတ်နိုင်သည့် စာကောင်း ပေမွန်များ သိုလှောင်စုစည်းသိမ်းဆည်းထားရာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အဖြစ် ခံ့ညားထည်ဝါစွာ တည်ရှိလာတော့မည်ဖြစ်သည်။