ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဆောင်ရွက်နေပါတယ်။ ဒီလိုအကောင်အထည်ဖော်နေမှုကြောင့်လည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)နဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှာရှိတဲ့ လေးထောင့်ကန်ရွာအနီးမှာ နိုင်ငံတကာအဆင့်မီ Yangon Amata Smart and Eco City စီမံကိန်းကို အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။