စက်ဘီးမြို့တော် ဘေဂျင်း
တစ်ချိန်တုန်းက မြန်မာစာရေးဆရာတို့၏ အရေးအသားတွင် ပီကင်းဟုသာ ဖတ်ခဲ့ဖူးသည်။ ထို့ကြောင့် ကျွန်တော့်နားထဲ ခပ်စွဲစွဲ ဖြစ်နေသောအမည်မှာ ပီကင်း။ ပီကင်း၏ သင်္ကေတမှာ အတိတ်ခေတ် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များဖြင့် မှိုင်းညိုနေပြီး ရှုပ်ယှက်ခတ်နေအောင်များသော စက်ဘီး များဖြင့် အရသာတစ်မျိုး ထွက်ရှိနေသလိုပင်။