မိုးကုတ်ရတနာမြေထွက် ပတ္တမြား၊ နီလာထာပွဲဈေး မန္တလေးရတနာမောလ်ကျောက်မျက်ဈေးတွင် ရောင်းချ
မန္တလေးရတနာမောလ် နိုင်ငံတကာ အဆင့်မီ ကျောက်မျက်ရတနာဈေးတွင် လစဉ်လဆန်း ၃ ရက်မှ ၇ ရက်အထိ မန္တလေးတိုင်းဒေသကြီး မိုးကုတ်ရတနာမြေမှ ထွက်ရှိသော ပတ္တမြား၊ နီလာထာပွဲအား (၅)ရက်တစ်ဈေး ကျောက်ဈေးကွက် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။







