မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ပုသိမ်မြို့တွင်ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၃ ဇူလိုင်

ဒုတိယဝန်ကြီး ဦးကျော်မျိုး Radio Frequency Identification (RFID) စနစ် အကောင်အထည်ဖော်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ စာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားတက်ရောက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် Moon Engineering Joint Venture Co., Ltd တို့၏ Radio Frequency Identification(RFID) စနစ် အကောင်အထည်ဖော်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ စာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ
တည်ဆဲလယ်ယာမြေဆိုင်ရာ ဥပဒေများနှင့်အညီ တောင်သူလယ်သမားတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ အပြည့်အဝရရှိစေရေး၊ မြေယာများအသုံးပြုရာတွင် ရေးဆွဲချမှတ်ထားသည့် စီမံကိန်းရည်မှန်းချက်ပါအတိုင်း စနစ်တကျ ဖော်ထုတ်အသုံးချ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်ဘိုးဘွား ၉ ထောင်ကျော်အား တစ်လလျှင်တစ်သောင်းကျပ် ထောက်ပံ့
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်မှ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၉၃၀၇) ဦးအား ၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ ဇွန်လအတွင်း ငွေကျပ် ၉၇ ဒသမ ဝ၇ သန်း ထောက်ပံ့ခဲ့ကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောသည်။
e-ID စနစ်လုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
မြန်မာနိုင်ငံ၏ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။