၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် မြို့ပေါ်၁၂ရပ်ကွက်ရှိ အုန်းလက်ရေကစားမဏ္ဍပ်ငယ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ထံမှ သိရသည်။