မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်း သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် စာမတတ်သူများ၊ ကျောင်းမနေဖူးသူ ဒေသခံများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်လာ၍ ဒေသတွင်းစာတတ်မြောက်ရေး မြှင့်တင်နိုင်ရန်အတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီ ၆ ရက်က ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကညှော်(အ.ထ.က)ကျောင်းရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းတွင် သင်ကြားပို့ချနေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ် အထုတ်အပိုးတွေပြင်ထား ခေါင်းစဉ်ဖြင့် သတင်းတု/သတင်းမှား ဖြန့်ဝေကြောင်း စိစစ်တွေ့ရှိရ
နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ် အထုတ်အပိုးတွေပြင်ထား ခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)က အရာရှိတစ်ဦးက ပြောကြောင်း အရာရှိအမည် မဖေါ်ပြဘဲ The Nation Voice မီဒီယာ ဆိုသူက သတင်းလွှင့်တင် ဖော်ပြထားမှုအပေါ် ဌာနမှအရာရှိများ အားလုံးအနေဖြင့် မည်သည့်မီဒီယာနှင့်မျှ ယင်းကဲ့သို့ ပြောကြားထားခြင်းမရှိကြောင်း၊ အလားတူ ၎င်းသတင်းပါ အကြောင်းအရာအား ညွှန်ကြားရေးမှူးချုပ်ထံသို့လည်း မည်သူကမျှ ဖုန်း/မက်ဆိတ်ချ် ပြောကြား/ပေးပို့ထားခြင်း မရှိကြောင်း စိစစ်သိရှိရသဖြင့် ၎င်းမှာ သတင်းတု/သတင်းမှား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း စိစစ်သိရှိရပါသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံလေကြောင်းလူငယ်သင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးနှင့် ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲသို့ တက်ရောက်
ကချင်ပြည်နယ် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တွင် ကျောင်းသားလူငယ်များအတွက် ဖွင့်လှစ်သင်ကြားပို့ချသွားမည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်(၁/၂၀၂၄) အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူးဒါန်းပွဲအခမ်းအနားသို့ တက်ရောက်
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံတဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်း
မြန်မာနိုင်ငံတဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။