ထန်းတပင်မြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည် သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေ ၆ ရက်မှ ၁၅ ရက်အထိ (၁၀) ရက်ကြာ ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် အတွင်းသဲဖြူကျေးရွာရှိ စုပေါင်းအားမာန်ရုံးတွင် အခမဲ့ ဖွင့်လှစ်ခဲ့သည်။







