စိုက်ပျိုးရေးသွင်းအားစုများနှင့် အကျိုးတူလယ်ယာစိုက်ပျိုးရေးစနစ် မြှင့်တင်ရေးအလုပ်ရုံးဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် မာစီကောတို့ ပူးပေါင်းပြုလုပ်သော စိုက်ပျိုးရေး သွင်းအားစုများနှင့် အကျိုးတူလယ်ယာစိုက်ပျိုးရေးစနစ် မြှင့်တင်ရေးအလုပ်ရုံးဆွေးနွေးပွဲကို ပုသိမ်မြို့ စွမ်းဟိုတယ်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပသည်။
မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ဖလံကျင်းဓာတ်အားခွဲရုံမှ ဖလံကျင်းကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာ ၂၂ ရွာမှ အိမ်ထောင်စု ၉၀ဝ ကျော်တွင် လျှပ်စစ်မီး လင်းနိုင်ခဲ့ပြီ
မိတ္ထီလာမြို့နယ် ဖလံကျင်းဓာတ်အားခွဲရုံ (33/11KV,5MVA)မှ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း ဘေးရှိ ဖလံကျင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၂၂)ရွာမှ အိမ်ထောင်စု ၉၉၃ စုကို ဇန်နဝါရီ ၃ ရက်မှ စတင်၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ်ရုံးမှ သိရသည်။
လူငယ်များ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ပြုလုပ်မည်
မွန်ပြည်နယ်၊ သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်များ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ကွန်ပျူတာတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၁၀ နာရီမှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတွင် ယာဉ်ရပ်နားခကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်
လာမည့် ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ ရက်ပေါင်း ၇၀ ခန့် ကျင်းပသွားမည့် မန်းရွှေစက်တော်ဘုရားပွဲ၌ ယာဉ်ရပ်နားခ ကောက်ခံသည့်စနစ်ကို ယခုနှစ်မှစ၍ ဖျက်သိမ်းသွားမည်ဖြစ်သည့်အတွက် ပွဲတော်လာယာဉ်များ ရပ်နားခပေးဆောင်ရတော့ မည် မဟုတ်ကြောင်း ရွှေစက်တော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
လားရှိုး၌ ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန အဆောက်အဦ မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ 
လားရှိုးမြို့၊ လမ်းမတော်လမ်း ရပ်ကွက်(၃)ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန အဆောက်အဦ မြေသန့်မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီ (၁၀)ရက်နံနက်(၇)နာရီအချိန်က ကျင်းပသည်။
အချိန်အခါမဲ့မိုးကြောင့် ကောက်လှိုင်းများမိုးမိ၍ လေလွင့်မှုများပြား
အချိန်အခါမဲ့ ရွာသွန်းခဲ့သော မိုးကြောင့် မန္တလေးမြို့ အမရပူရမြို့နယ် အတွင်းရှိစပါးများ လေလွင့်ဆုံးရှုံးမှုများပြားကာ အခက်အခဲများနှင့်ကြုံနေခဲ့ရသည်။လယ်ရိတ်ပြီးချိန်တွင် မိုးရွာသွန်းခြင်းကြောင့်  ရိတ်ပြီးသား ကောက်လှိုင်းများ မိုးမိကာ သယ်ယူရခက်ခဲသည့်အခြေအနေနှင့်ကြုံတွေ့ရသည့်အတွက် ရာသီဥတုပြန်လည်ကောင်းမွန်လာချိန်လယ် ကွက်အတွင်း မိုးကာခင်းကာ ကောက်လှိုင်းရိုက်သည့်စနစ်ကို ကျင့်သုံးနေရကြောင်း သိရသည်။
တာချီလိတ်၌ အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်း ဖွင့်လှစ်  
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အထူးရန်ပုံငွေထောက်ပံ့မှုဖြင့်  စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ  ကြီးမှူးစီစဉ်ပြုလုပ်သည့် အရည်အသွေးမြင့် အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ တောင်သူပညာပေးသင်တန်းခန်းမ၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။