ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် ပထမအကြိမ် မြင်းစီးအားကစားပြိုင်ပွဲ ထည့်သွင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားဗုဒ္ဓပူဇနိယပွဲတော် ပိုမိုစည်ကားသိုက်မြိုက်စေရန်အတွက် ထည့်သွင်းကျင်းပသည့် ပထမအကြိမ် မြင်းစီးအားကစား ပြိုင်ပွဲဖွင့်ပွဲကို  ယနေ့နံနက် ၇ နာရီက အဆိုပါ ကျေးရွာရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
မတူပီမြို့ ဖနိုင်ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်အပါအဝင် လူနေအိမ်တချို့ အမိုးလန် ပျက်စီး

မတူပီ  ၁  ဧပြီ 

ဒီးမော့ဆိုမြို့နယ်တွင် ပန်းရံ/ လက်သမား သင်တန်းဖွင့်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် -------
တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းလွှဲပြောင်းပေးအပ်
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တီဘီတိုက်ဖျက်ရေးစီမံချက် လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်ဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
မျက်ခုံးဖြူမျောက်လွှဲကျော်များ နေထိုင်ကျက်စားရာနေရာရှိ မြေဧကပေါင်း(၃၇၀ဝ)ကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ထိန်းသိမ်းသွားမည်
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ အမ်းတောင်တန်းများဘေး မန်းကြိုးဝိုင်းတောရှိ မြေဧကပေါင်း(၃၇၀ဝ)ကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ------
အမှတ် (၆) စက်မှုသင်တန်း ကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီးတွင် တည်ရှိသည့် အမှတ် (၆) စက်မှုသင်တန်း ကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်းပွဲကို ကျောင်းခန်းမတွင် ဧပြီလ (၁) ရက်၊ နံနက် (၉) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သာစည်မြို့နယ်တွင် အခမဲ့ဖွင့်လှစ်သောကာတွန်း၊ ပန်းချီရေးဆွဲလေ့ကျင့်ရေးသင်တန်းနှင့် Grammar သင်တန်းများ ဆင်း
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး ကော်မတီတို့ ပူးပေါင်း၍  တစ်လကြာ  အခမဲ့ဖွင့်လှစ်ခဲ့သော  ကာတွန်း၊ ပန်းချီရေးဆွဲလေ့ကျင့်ရေးသင်တန်းနှင့် Grammar  သင်တန်းများဆင်းပွဲကို  ယနေ့နံနက် ၁၀ နာရီက  အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။