ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံကော်ပန်းအဝိုင်းအနီးတွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံရန် ယနေ့နံနက်(၆)နာရီက နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စတင်ပင့်ဆောင်ပူဇော်သည်။