ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Termianl 1 တွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်မည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 မြေအောက်ထပ်တွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုကို မတ်လ ၂၂ ရက် (သောကြာနေ့) တွင် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ 
ဆူညံအိတ်ဇောပြောင်းများ လမ်းကြိတ်စက်ဖြင့်ကြိတ်
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ယနေ့မနက် ၈ နာရီအချိန်က မြို့မရဲစခန်း လမ်းဆုံရှေ့လမ်းမပေါ်တွင် ဖမ်းဆီးရရှိသော ဆိုင်ကယ်ဆူညံအိတ်ဇောပြောင်းများအား လမ်းကြိတ်စက်ဖြင့်ကြိတ်၍ ဖျက်ဆီးခြင်းကို ပြုလုပ်ဆောင်ရွက်သည်။
ရှေးဟောင်းသမိုင်းဝင် စွယ်တော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါရှိ ရှေးဟောင်းသမိုင်းဝင် စွယ်တော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကို မတ် ၁၇ ရက်မှ ၂၀ ရက်ထိ
မိုးကုတ်ဒေသအတွင်း သဘာဝတ်ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် ထင်းရှူးနှင့် ချယ်ရီပင်များ စိုက်ပျိုးသွားမည်
မိုးကုတ်ဒေသအတွင်း သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက်  ပြုန်းတီးသွားသည့် သစ်တောများအစား ထင်းရှူးနှင့် ချယ်ရီပင်များကို အခုလ ၂၃ ရက်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သဘာဝစိမ်း အဖွဲ့မှ သိရသည်။ 
တပေါင်းလပြည့်နေ့၌ နေပြည်တော်ရှိဘုရားပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ၊ကုသိုလ်ပြုသူများဖြင့် စည်ကား
တပေါင်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရှိသည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့ ဖြစ်သည့်အားလျော်စွာ နေပြည်တော်ရှိဘုရား ပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ၊ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကိစ္စဖြေရှင်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ် လွိုင်ကော်မြို့ ကိန္နရာလွိုင်ကော်ဟိုတယ်၌ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တု ကိစ္စဖြေရှင်း ညှိနှိုင်းဆွေးနွေးတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ကောင်းမှုတော်စေတီတော်တွင် အနေကဇာတင်ခြင်း အခမ်းအနား နှင့် သံဃားအပါး ၁၀ဝ၀ ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ
စစ်ကိုင်းမြို့ရှိ အဖြူရောင်ဆေးသင်္ကန်းတော် ကပ်လှူပြီးစီးသည့် ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးအား  ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနား နှင့် သီတဂူဆရာတော်ကြီး၏ သက်တော် ၈၂နှစ်ပြည့် မွေးနေ့မင်္ဂလာအဖြစ် သံဃာအပါး ၁၀ဝ၀ အား ဆွမ်းကြီးလောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။