မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ ဆက်လက်ကျင်းပ

၂၀၁၉ ခုနှစ်(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ရွှေတိဂုံစေတီတော် ၂၆၀၇ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပ
ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် ၂၆၀၇ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယနေ့ညနေ (၄)နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကချင်ပြည်နယ်ရှိ အခြေခံပညာရေးမိသားစုများနှင့် တွေ့ဆုံ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြင့်ဝင်း၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းတို့နှင့်အတူ နံနက် မတ် ၁၈ ရက် ၁၁ နာရီခွဲတွင် ကချင်ပြည်နယ် ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌  ကချင်ပြည်နယ် အခြေခံပညာရေးမိသားစုများနှင့် တွေ့ဆုံသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် တိုင်းရင်းဆေးဝါးစက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးဝါးစက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် သြစတြီးယားနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ
ဘန်ကောက်မြို့အခြေစိုက် သြစတြီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Dr. Eva Hager ဦးဆောင်သော အဖွဲ့သည် မတ် (၁၉) ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက်တွေ့ဆုံသည်။
ကလေးစာပေပွဲတော်(ပူတာအို) ဒုတိယနေ့ ဆက်လက်ကျင်းပ
ကလေးစာပေပွဲတော်(ပူတာအို) ဒုတိယကို ယနေ့နံနက်ပိုင်းမှစ၍ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမနှင့် အ.ထ.က(ပူတာအို)တို့၌ စာပေဟောပြောပွဲနှင့် ကလေးစာပေ အလုပ်ရုံဆွေးနွေးပွဲများ၊ Team building Game ကစားပွဲများ၊ အရုပ်ဆက်နှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။  
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ADB ချေးငွေဖြင့် အိန္ဒု-ကော့ကရိတ် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မတ် ၁၈ ရက် နံနက်ပိုင်းတွင် ADB ချေးငွေဖြင့် အိန္ဒု-ကော့ကရိတ် လမ်းအပိုင်းအား CHINA ROAD AND BRIDGE CORPORATION (CRBC) မှ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။