ဒက္ခိဏသီရိမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်းရှိကျေးရွာ ၁၀ ရွာ အနက်မှ ရွာမကျေးရွာအုပ်စု ..........
မိုင်းယောင်းနှင့် မိုင်းယုမြို့ရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ (၈) ဦးကို ကျိုင်းတုံ ကိုယ်ကာယပြန်လည်သန်စွမ်းရေးစင်တာသို့ အခမဲ့ကူညီပို့ဆောင်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့ရှိ ကိုယ်အင်္ဂါမသန်စွမ်းသည့် ပြည်သူများကို ကျိုင်းတုံမြို့ရှိ ကိုယ်ကာယပြန်လည်သန်စွမ်းစေရေးစင်တာသို့ မတ် ၁၈ ရက် နံနက်ပိုင်းက အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ရေရရှိနိုင်ရန်အတွက် ရေတိုင်များကြိုတင် ဆောင်ရွက်ထားရှိ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်တချို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရေရရှိနိုင်ရန်အတွက် ရေတိုင်များ ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ယနေ့ နံနက်ပိုင်းက ရေတိုင်များကြိုတင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့၌ ဓာတ်အားခွဲရုံနှင့် 66/11 ကေဗွီ ၊ 20 အမ်ဗွီအေ ထရန်စဖော်မာတပ်ဆင်ခြင်း တည်ဆောက်မှု (၅ဝ) ရာခိုင်နှုန်း ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ စက်မှုဇုန်ထိပ်၊ အမှတ် (၃) ခရိုင်ချင်းဆက် လမ်းမအနီး    66/11 ကေဗွီ ၊ 20 အမ်ဗွီအေ ထရန်စဖော်မာတပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်လျက်ရှိရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ (၅ဝ) ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ သိရသ
လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေဝန်ကြီး ပြည်တော်အိမ်ရာနေ ပြည်သူများနှင့် တွေ့ဆုံ 
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ပြည်တော်သာအိမ်ရာနေ ပြည်သူများနှင့် တွေ့ဆုံပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက ပြည်တော်သာရှိ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်၌ ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ မတ် ၁၈ ရက် နံနက် ၉ နာရီက မိုးညှင်းမြို့နယ်     ညောင်ကိုင်းကျေးရွာအုပ်စု  သာယာကုန်းကျေးရွာရှိ ဦးတိုက်စိန်၏ ရော်ဘာ ခြံတွင် ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် (၃၃) လုံး ပြိုကျပြီး ၂၃ လုံးပျက်စီး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုတွင် မတ် ၁၈ ရက် ညနေ ၅ နာရီခန့်က အချိန်ခါမဟုတ် လေပြင်းတိုက်ခတ်ပြီး  မိုးသည်းရွာသွန်းမှုကြောင့် ကျေးရွာ(၆)ရွာတွင် လူနေအိမ် (၃၃) လုံးပြိုကျခဲ့ပြီး (၂၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။