ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော်နိုင်ရေး လာရောက်ဆွေးနွေး
မတ် (၁၁)ရက် မွန်းလွဲ (၂)နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး Myanmar Zhejiang Chamber of Commerce မှ Mr. Tu Guo Ding ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ တင်ပြခဲ့သည်။






