မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်အဖွဲ့ သြစတြေးလျနိုင်ငံ ပြည်ထောင်စုရဲအဖွဲ့ ရဲချုပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲတို့အား တွေ့ဆုံဆွေးနွေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် အဆင့်မြင့် ရဲအရာရှိကြီး (၆) ဦးတို့အဖွဲ့သည် သြစတြေးလျ ပြည်ထောင်စုရဲအဖွဲ့ ရဲချုပ်၏ ဖိတ်ကြားချက်အရ မတ် ၃ ရက်မှ ၉ ရက်အထိ သြစတြေးလျနိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်ခဲ့သည်။





