မြစ်ကြီးနား− ဆွမ်ပရာဘွမ်− ပူတာအိုလမ်းပေါ်ရှိ ဒရုခတံတားနှင့် တီယာန်ဇွပ်တံတားအား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ကချင်ပြည်နယ်၊ မြစ်ကြီးနား− ဆွမ်ပရာဘွမ်− ပူတာအို ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့သည့် ဒရုခတံတားနှင့် တီယာန်ဇွပ်တံတားအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။






