ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ရပ်ဝေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၆ ရက်မှ စတင်ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မတ် ၉ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ရပ်ဝေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်







