ကော့ကရိတ်မြို့မဈေးကြီးတွင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြို့မဈေးကြီးတွင် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီက မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ကော့ကရိတ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စည်ပင်အမှုဆောင် အရာရှိနှင့်အဖွဲ့၊ ဈေးတာဝန်ခံနှင့် စည်ပင်ဝန်ထမ်းများ၊ ဈေးကော်မတီနှင့် ဈေးသူဈေးသားများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။






