ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု ဘော်နင်းဘုန်းတော်ကြီးကျောင်း၌ မတ် ၁၂ ရက် နံနက်ပိုင်းက (၁၅)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ ကလောခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် တိုင်းရင်းသား ဧည့်သည်တော်များနှင့် ကလောမြို့နယ်ရှိ တောင်ရိုး တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။