ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အင်ချွန်းမြို့၊ ကိုရီးယားသမ္မတနိုင်ငံတွင် အခြေစိုက်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း မိတ်ဖက်အဖွဲ့အစည်း (East Asian-Australian Flyway Partnership-EAAFP) တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်အင်း (၂၀၂၃ ခုနှစ်၊ EAAF 154) နှင့် တံတားဦးမြို့နယ်ရှိ ပြူကန် (၂၀၂၃ ခုနှစ်၊ EAAF 155) တို့ကို မြန်မာနိုင်ငံ၏ သတ္တမမြောက်နှင့် အဋ္ဌမမြောက် ငှက်ပျံသန်း ကွန်ရက်နယ်မြေများအဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။